Home » Announcements » ITU Innovation Challenges 2019 – Call for Submissions သို့ စိတ်ပါဝင်စားသူများ ပါဝင်လျှောက်ထားနိုင်ကြောင်း ကြေညာခြင်း

ITU Innovation Challenges 2019 – Call for Submissions သို့ စိတ်ပါဝင်စားသူများ ပါဝင်လျှောက်ထားနိုင်ကြောင်း ကြေညာခြင်း

အပြည်ပြည်ဆိုင်ရာ ကြေးနန်းဆက်သွယ်ရေးအဖွဲ့ချုပ် (အိုင်တီယူ)မှ ကြီးမှူး၍ ITU Innovation Chanllenges 2019 ပြိုင်ပွဲတစ်ရပ်အား ကျင်းပပြုလုပ်သွားမည်ဖြစ်ရာ စိတ်ပါဝင်စားသူများ (၃၀.၇.၂၀၁၉) ရက်နေ့၊ နံနက်(၁၀)နာရီ နောက်ဆုံးထား၍ စီမံရေးရာဌာနတွင် စာရင်းပေး လျှောက်ထားနိုင်ပါကြောင်း အသိပေးကြေညာအပ်ပါသည်။
 အဆိုပါ ITU Innovation Challenges 2019 ကို “ Digital Change-maker Challenge 2019” ၊ “Ecosystem best practice Challenge 2019” နှင့် “Smart Communication Challenge 2019” ဟူ၍ Category (၃)မျိုးဖြင့် ပြုလုပ်သွားမည်ဖြစ်ပြီး ပါဝင်ယှဉ်ပြိုင်သူ တစ်ဦးလျှင် Challenge တစ်ခုသာလျှင် ရွေးချယ် ယှဉ်ပြိုင်ရမည်ဖြစ်ကြောင်း၊
 Challenge များနှင့်စပ်လျဉ်းသည့် အသေးစိတ် အချက်အလက်များအား http://cocreate.itu.int တွင် ဝင်ရောက် ကြည့်ရှုနိုင်မည်ဖြစ်ပြီး (၃၁.၇.၂၀၁၉)ရက်နေ့ နောက်ဆုံးထား၍ Final Submission ပေးပို့လျှောက်ထားရမည်ဖြစ်ပါကြောင်း၊
 ကမ္ဘာတစ်ဝန်း ပြိုင်ပွဲဝင်များမှ ဆုရရှိသူ (၁၀)ဦးအား ၂၀၁၉ ခုနှစ် သြဂုတ်လ အစောပိုင်းတွင် ရွေးချယ်ကြေညာပေးသွားမည် ဖြစ်ပါကြောင်း၊
 ဆုရရှိသူများ အနေဖြင့် ၂၀၁၉ ခုနှစ် စက်တင်ဘာလ(၃)ရက်နေ့မှ (၆)ရက်နေ့အထိ ကိုရီးယားသမ္မတနိုင်ငံ ဘူဆန်မြို့တွင် ကျင်းပမည့် “Young ICT Lesder Forum (YILF)” ဆွေးနွေးပွဲ (သို့မဟုတ်) ၂၀၁၉ ခုနှစ် စက်တင်ဘာလ (၉)ရက်နေ့မှ (၁၂)ရက်နေ့အထိ ဟန်ဂေရီနိုင်ငံ ဘူဒါပက်စ်မြို့တွင် ကျင်းပမည့် “ITU Telecom World 2019” ၏ Program တစ်ရပ်ဖြစ်သည့် Innovation Ecosystem Program အစီအစဉ်သို့ ပါဝင်တက်ရောက်ရန် ဖိတ်ကြားခြင်းခံရမည့် အခွင့်အရေးနှင့် နိုင်ငံတကာမှ Industry Experts များ၊ Policy Makers များ၊ Technology Leader များနှင့် တွေ့ဆုံဆွေးနွေးကာ အတွေ့အကြုံများ ဖလှယ်သွားနိုင်မည့် အခွင့်အလမ်းများ ရရှိနိုင်မည်ဖြစ်ပါကြောင်း၊



Back