Home » Announcements » အိန္ဒိယနိုင်ငံ နယူးဒေလီမြို့ရှိ Jag School of Transformative Skills မှ ဖွင့်လှစ်မည့် Programme (၆)ခုအတွက် ပညာသင်ဆုများ လျှောက်ထားနိုင်ပါကြောင်း အသိပေး ကြေညာခြင်း

အိန္ဒိယနိုင်ငံ နယူးဒေလီမြို့ရှိ Jag School of Transformative Skills မှ ဖွင့်လှစ်မည့် Programme (၆)ခုအတွက် ပညာသင်ဆုများ လျှောက်ထားနိုင်ပါကြောင်း အသိပေး ကြေညာခြင်း

အဆိုပါ ပညာသင်ဆုများသို့ လျှောက်ထားလိုသော ကျောင်းသား/ကျောင်းသူများအနေဖြင့်-
 Jag School of Transformative Skills မှ ဖွင့်လှစ်မည့် Programme (၆)ခုအား SAARC နှင့် ASEAN နိုင်ငံများမှ ကျောင်းသားများအတွက် JSTS မှ ၂၀၁၉-၂၀၂၀ ပြည့်နှစ်အတွက် ၁၀၀ ရာခိုင်နှုန်း (tuition fees)ထောက်ပံ့ပေးမည်ဖြစ်ပါကြောင်း၊
 သင်တန်း(၆)ခု၏ ကြာမြင့်ချိန်မှာ (၆)လ မှ (၁၂)လအထိ ဖြစ်ပါကြောင်း၊
 မြန်မာနိုင်ငံမှ စိတ်ပါဝင်စားသူများအတွက် Online Scholarship examination ပြုလုပ်၍ ကျောင်းသား အနည်းငယ်ကို ရွေးချယ်မည် ဖြစ်ပါကြောင်း၊
 Online စနစ်ဖြင့် သင်ကြားမှုဖြစ်သောကြောင့် အိန္ဒိယနိုင်ငံတွင် အနည်းဆုံး ရက်သတ္တပတ် (၅)ပတ် မှ (၆)ပတ်ခန့်သာ သင်ကြားရမည် ဖြစ်ပါကြောင်း၊
 အသွား/ အပြန် လေယာဉ်စရိတ်၊ နေထိုင်စားသောက်စရိတ်နှင့် အခြားကုန်ကျစရိတ်များကို မိမိစရိတ်ဖြင့် ကျခံရမည် ဖြစ်ပါကြောင်း အသိပေး ကြေညာအပ်ပါသည်။



Back