Home » Announcements » ပညာသင်ဆုများလျှောက်ထားနိုင်ကြောင်း ကြေညာခြင်း

ပညာသင်ဆုများလျှောက်ထားနိုင်ကြောင်း ကြေညာခြင်း

၁။ ထိုင်းနိုင်ငံတွင် ဖွင့်လှစ်မည့် “Thailand International Postgraduate Programme (TIPP) in 2019 သို့ အသက်(၅၀)နှစ်အောက်ရှိ အရာထမ်းများ လျှောက်ထားနိုင်ရန် ထိုင်းနိုင်ငံ၊ Thailand International Cooperation Agency (TICA) မှ ကမ်းလှမ်းလာသော အောက်ဖော်ပြပါ တက္ကသိုလ်နှစ်ခုရှိ ဘာသာရပ်များအတွက် မဟာဘွဲ့သင်တန်းများသို့ လျှောက်ထားနိုင်ပါကြောင်း၊
 King Mongkut’s University of Technology
– Master of Science in Energy Technology
– Master of Science in Environmental Technology
 Chulalongkorn University
– Master of Science Program in Food Science and Technology
၂။ အဆိုပါသင်တန်းများသို့ သတ်မှတ်ချက်နှင့်ကိုက်ညီ၍ ဘာသာရပ်ဆက်စပ်မှုရှိသော စိတ်ပါဝင် စားသူ ဆရာ/ဆရာမများ အနေဖြင့် ဝန်ကြီးဌာန၏ ခွင့်ပြုချက်ဖြင့် “Thailand International Postgraduate Programme (TIPP) in 2019 သို့ လျှောက်ထားနိုင်ရေးအတွက် အရည်အချင်း စစ်စာမေးပွဲအား အောက်ဖော်ပြပါ အစီအစဉ်အတိုင်း ကျင်းပပြုလုပ်သွားမည်ဖြစ်ပါကြောင်းနှင့် ဓာတ်ပုံ ကပ်ပြီး (၃၆)ချက် ကိုယ်ရေးမှတ်တမ်း(၄)စုံနှင့်အတူ (၆.၃.၂၀၁၉)ရက်နေ့ ညနေ(၃ ၀၀)နာရီ နောက် ဆုံးထား၍ စီမံရေးရာဌာနတွင် လာရောက်လျှောက်ထားနိုင်ပါကြောင်း အသိပေး ကြေညာအပ်ပါသည်-
နေ့ရက် အချိန် ဖြေဆိုမည့်ဘာသာရပ် ဖြေဆိုမည့်နေရာ
၁၁.၃.၂၀၁၉
(တနင်္လာနေ့) နံနက်(၉ ၀၀)နာရီ မှ
(၁၁ ၀၀)နာရီ အထိ အင်္ဂလိပ်စာ လျှောက်လွှာတင်သည့်
တက္ကသိုလ်
မွန်းလွဲ (၁ ၀၀)နာရီမှ
(၃ ၀၀)နာရီ အထိ ဘာသာရပ်
၁၂.၃.၂၀၁၉
(အင်္ဂါနေ့) နံနက်(၉ ၀၀)နာရီ လူတွေ့နှုတ်ဖြေ
သတ်မှတ်ချက်များ-
 ဝန်ထမ်းလုပ်သက် အနည်းဆုံး (၂)နှစ်နှင့် အထက်ရှိသူဖြစ်ရမည်
 နိုင်ငံခြားမှ သင်တန်းတက်ရောက်ခဲ့သူဖြစ်လျှင် မြန်မာနိုင်ငံသို့ ရောက်ရှိပြီး (၁၁.၃.၂၀၁၉)ရက် နေ့၌ အနည်းဆုံး(၆)လ အမှုထမ်းပြီးသူဖြစ်ရမည်။(သင်တန်းဟုဆိုရာတွင် နိုင်ငံခြားတွင် သင် တန်းတက်ရောက်သော သင်တန်းကာလသည် (၆)လ ကျော်မှသာ သင်တန်းအဖြစ် သတ်မှတ် ပါသည်။)
 နိုင်ငံခြားသွားရောက်နေစဉ်ကာလအတွင်း လုပ်ငန်းတာဝန်များ လစ်ဟင်းမှု မရှိကြောင်းကို သက်ဆိုင်ရာ ဘာသာရပ်ဌာနမှူး၊ ပါမောက္ခချုပ်တို့မှ ထောက်ခံသူဖြစ်ရမည်
 လက်ရှိဌာနဆိုင်ရာ အပြစ်ပေးအရေးယူခံရခြင်း မရှိသူဖြစ်ရမည်
 အဆိုပြုသူ၏ မိဘနှစ်ဦးစလုံးအပြင် ဇနီး/ခင်ပွန်းအားလုံး နိုင်ငံသားဖြစ်ရမည်
 အဆိုပြုသူ၏ ဇနီး/ခင်ပွန်းသည် ကိစ္စတစ်ရပ်ရပ်ဖြင့် နိုင်ငံခြားသို့ ရောက်ရှိနေခြင်း မရှိသူ ဖြစ်ရမည်

လျှောက်ထားနိုင်သော သင်တန်းအမျိုးအစားများ

 Master of Rural Development Management
 Master of Bio Science for Sustainable Agriculture
 Master of Science in Biodiversity and Environmental Management
 Master of Science Program in Environmental Science
 Master of Science in Geographic Information Science: GIS
 Master of Science in Energy Technology
 Master of Science in Environmental Technology
 Master of Science Program in Earth System Enviroment
 Master of Science in Food Science
 Master of Science Program in Postharvest Technology and Innovation
 Master of Science Program in Agriculture Science
 Master of Science Program in Food Science and Technology
 Master of Science Program in Biomedical Science
 Diploma Course in Dermatology and Dermatosurgery
 Master of Public – Health
 Master of Primary Health Care Management Program
 Master of Science Program in Environmental Management
 Master of Science Program in Sustainable Energy Management



Back