Home » Announcements » ပညာသင်ဆုများလျှောက်ထားနိုင်ကြောင်း ကြေညာခြင်း

ပညာသင်ဆုများလျှောက်ထားနိုင်ကြောင်း ကြေညာခြင်း

နယူးဇီလန်နိုင်ငံတွင် ၂၀၁၉ ခုနှစ် ပညာသင်နှစ်အတွင်း ဖွင့်လှစ်မည့် 2019 New Zealand Scholarships ပညာသင်ဆုသင်တန်းများသို့ လုပ်သက်(၂)နှစ်ပြည့်ပြီး အရည်အချင်း ပြည့်မီ သူများ လျှောက်ထားနိုင်ပါကြောင်း၊ အဆိုပါ ပညာသင်ဆု သင်တန်းများအတွက် အသွားအပြန် လေယာဉ်ခရီးစရိတ်၊ တည်းခိုနေထိုင်စားသောက်စရိတ်၊ ပညာသင်စရိတ်နှင့် ကျန်းမာရေးစရိတ် တို့ကို ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း၊ လျှောက်ထားလိုသူများသည် အောက်ဖော်ပြပါ အချက်အလက်များအတိုင်း ဆောင်ရွက်သွားရန်နှင့် သတ်မှတ်လျှောက်လွှာ(၄)စုံ၊ ကိုယ်ရေး မှတ်တမ်း(၃၆)ချက် (၂)စုံ တို့အား ဖြည့်စွက်ပြီး (၁၁-၃-၂၀၁၉)ရက်နေ့၊ (နံနက် ၁၀ ၀၀)နာရီ နောက်ဆုံးထား၍ စီမံရေးရာဌာနတွင် စာရင်းပေးသွင်း လျှောက်ထားနိုင်ပါကြောင်း အသိပေး ကြေညာအပ်ပါသည်-
 လျှောက်ထားလိုသူများအနေဖြင့် https://www.mfat.govt.nz/en/aid-and-development/new-zealand-government-scholarships/new-zealand-scholarships-for-international-tertiary-students/research-which-cource-to-study တွင် ဝင်ရောက်ပြီး သတ်မှတ်လျှောက်လွှာများ ရယူနိုင်ပါကြောင်း၊
 ၄င်းနောက် (၁၄.၃.၂၀၁၉)ရက်နေ့ မတိုင်မီ Online မှတစ်ဆင့် လျှောက်ထားနိုင် ပါကြောင်း၊
 အသေးစိတ်သိရှိလိုပါက +၉၅-၉-၇၇၉၈၄၀၃၁၈ (သို့မဟုတ်) nzas.info@sagawa consultancy.com သို့ ဆက်သွယ်မေးမြန်းနိုင်ပါကြောင်း၊



Back