Home » Announcements » ပညာသင်ဆုများလျှောက်ထားနိုင်ကြောင်း ကြေညာခြင်း

ပညာသင်ဆုများလျှောက်ထားနိုင်ကြောင်း ကြေညာခြင်း

အမေရိကန်အစိုးရ၏ ပံ့ပိုးမှုဖြင့် ၂၀၂၀ ခုနှစ် ပညာသင်နှစ်အတွက် အောက်ဖော်ပြပါ ပညာသင်ဆု သင်တန်းများသို့ အရည်အချင်း သတ်မှတ်ချက်နှင့် ကိုက်ညီသူများ လျှောက်ထားနိုင်ပါကြောင်းနှင့် အဆိုပါ ပညာသင်ဆုများအတွက် အသွားအပြန် လေယာဉ်ခရီးစရိတ်၊ တည်းခိုနေထိုင်စားသောက် စရိတ်နှင့် ပညာသင်စရိတ်တို့ကို U.S. Department of State မှ ထောက်ပံ့ပေးမည်ဖြစ်ကြောင်း ဖော်ပြထားပါသည်-
 Hubert H. Humphrey Fellowship Program: One year of non-degree graduate – level study
 Fulbright Foreign Student Scholarship Program: Master’s Degree
 Fulbright Foreign Language Teaching Assistant (FLTA) Program: Nine-month non-degree program
သို့ဖြစ်ပါ၍ ပညာသင်ဆုများသို့ လျှောက်ထားလိုသူများသည် အောက်ဖော်ပြပါ အချက်အလက်များ အတိုင်း ဆောင်ရွက်သွားရန်နှင့် သတ်မှတ်လျှောက်လွှာ(၄)စုံ၊ ကိုယ်ရေးမှတ်တမ်း(၃၆)ချက် (၂)စုံ တို့အား ဖြည့်စွက်ပြီး (၁-၄-၂၀၁၉) ရက်နေ့၊ နံနက်(၁၀ ၀၀)နာရီ နောက်ဆုံးထား၍ စီမံရေးရာဌာနတွင် စာရင်းပေးသွင်း လျှောက်ထားနိုင်ပါကြောင်း အသိပေးကြေညာအပ်ပါသည်-
 လျှောက်ထားလိုသူများအနေဖြင့် အသေးစိတ်သိရှိလိုပါက https://mm.usembassy.gov/ education/scholarship-programs/ တွင် ဝင်ရောက်လေ့လာနိုင်ပါကြောင်း၊
 အမေရိကန်သံရုံး၊ ယဉ်ကျေးမှုရေးရာအရာရှိ Ms.Winnie Hofstetter နှင့် ယဉ်ကျေးမှုရေးရာ လက်ထောက် ဒေါ်စောကြည်သာ၊ ဖုန်းနံပါတ် (၀၁၅၃၆၅၀၉) လိုင်းခွဲ (၄၃၆၉)သို့ ဆက်သွယ် မေးမြန်းနိုင်ပါကြောင်း၊
 Hubert H. Humphrey Fellowship Program အတွက် လုပ်သက်(၅)နှစ် ရှိရမည်ဖြစ်ပြီး ပြည့်စုံစွာ ဖြည့်စွက်ထားသော သတ်မှတ်လျှောက်လွှာများကို RangoonUSECA@state.gov သို့ (၁၀.၆.၂၀၁၉)ရက်နေ့ နောက်ဆုံးထား၍ Soft Copy ပေးပို့ရမည် ဖြစ်ပါကြောင်း၊
 Fulbright Foreign Student Scholarship Program အတွက် လုပ်သက်(၂)နှစ် ရှိရမည် ဖြစ်ပြီး ပြည့်စုံစွာ ဖြည့်စွက်ထားသော သတ်မှတ်လျှောက်လွှာများကို RangoonUSECA@ state.gov သို့ (၂.၅.၂၀၁၉)ရက်နေ့ နောက်ဆုံးထား၍ Soft Copy ပေးပို့ရမည် ဖြစ်ပါကြောင်း၊
 Fulbright Foreign Language Teaching Assistant (FLTA) Program အတွက် လုပ်သက်(၂)နှစ် ရှိရမည်ဖြစ်ပြီး ပြည့်စုံစွာ ဖြည့်စွက်ထားသော သတ်မှတ်လျှောက်လွှာများကို RangoonUSECA@state.gov သို့ (၁၀.၆.၂၀၁၉)ရက်နေ့ နောက်ဆုံးထား၍ Soft Copy ပေးပို့ရမည်ဖြစ်ပါကြောင်း၊
 Hubert H. Humphrey Fellowship Program၊ Fulbright Foreign Student Scholarship Program နှင့် Fulbright Foreign Language Teaching Assistant (FLTA) Program တို့အတွက် Hard Copy ကို အမေရိကန်သံရုံး၊ ယဉ်ကျေးမှုဌာန၊ ပြည်သူ့ရေးရာဌာနခွဲ၊ အမှတ်(၁၁၀)၊ တက္ကသိုလ်ရိပ်သာလမ်း၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်မြို့သို့ ပေးပိုရမည် ဖြစ်ပါကြောင်း၊



Back