Home » Announcements » ပညာသင်ဆုလျှောက်ထားနိုင်ကြောင်း ကြေညာခြင်း

ပညာသင်ဆုလျှောက်ထားနိုင်ကြောင်း ကြေညာခြင်း

 တရုတ်ပြည်သူ့သမ္မတနိုင်ငံ ရှန်ဟိုင်းမြို့တွင် (၇.၇.၂၀၁၉) မှ (၂၇.၇.၂၀၁၉)ရက်နေ့ အထိ ဖွင့်လှစ်မည့် National Advanced Training Program သို့ အရည်အချင်း ပြည့်မီသူ အရာထမ်းများ လျှောက်ထားနိုင်ပါကြောင်း၊
 ပညာသင်ဆုသင်တန်းအတွက် ပညာသင်စရိတ် နှင့် တည်းခိုနေထိုင်စားသောက်စရိတ် တို့ကို တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ကျခံပေးမည်ဖြစ်ပြီး အသွားအပြန် လေယာဉ်စရိတ် ကို မိမိစရိတ်ဖြင့် ကျခံရမည်ဖြစ်ကြောင်း၊
 အဆိုပါပညာသင်ဆုအတွက် လျှောက်ထားလိုသူများအနေဖြင့် သတ်မှတ်လျှောက်လွှာ များအား ပြည့်စုံစွာဖြည့်စွက်ပြီး (၂၉.၃.၂၀၁၉)ရက်နေ့ နောက်ဆုံးထား၍ စီမံရေးရာဌာန တွင် စာရင်းပေးလျှောက်ထားနိုင်ပါကြောင်း အသိပေးကြေညာအပ်ပါသည်…
 အသေးစိတ်သိရှိလိုပါက iso@sjtu.edu.cn နှင့် lixiaoxuan@sjtu.edu.cn သို့ ဆက်သွယ်မေးမြန်းနိုင်ပါကြောင်း၊
 Online Application ကို http://apply.sjtu.edu.cn သို့ ဝင်ရောက်ပြီး (၁၅.၃.၂၀၁၉) မှ (၁၅.၅.၂၀၁၉)ရက်နေ့အတွင်း လျှောက်ထားနိုင်ပါကြောင်း၊



Back