Home » Announcements » 2019 KOICA-PKNU Master’s Degree Program in Fisheries Science သင်တန်းသို့ တက်ရောက်လိုသူများ စာရင်းပေးရန်

2019 KOICA-PKNU Master’s Degree Program in Fisheries Science သင်တန်းသို့ တက်ရောက်လိုသူများ စာရင်းပေးရန်

ကိုရီးယားသမ္မတနိုင်ငံတွင် (၂၉.၇.၂၀၁၉ မှ ၂၀.၁၂.၂၀၂၀)ရက်နေ့ထိ ဖွင့်လှစ်မည့် 2019 KOICA-PKNU Master’s Degree Program in Fisheries Science သင်တန်းသို့ အောက်ပါသတ်မှတ်ချက်များနှင့် ကိုက်ညီသူများ လျှောက်ထားနိုင်ပါကြောင်း၊ လျှောက် ထားမည့်သူများအနေဖြင့် (၂၃.၂.၂၀၁၉)ရက်နေ့၊ (စနေနေ့)တွင် နံနက်ပိုင်း၌ သက်ဆိုင်ရာ ဘာသာရပ် (၀၉:၀၀ မှ ၁၂:၀၀ ထိ) (၃)နာရီမေခွန်း နှင့်ညနေပိုင်းတွင် အင်္ဂလိပ်စာ ဘာသာရပ် (၁၃:၀၀ မှ ၁၅:၀၀ ထိ) (၃)နာရီမေခွန်းတို့အား ဤတက္ကသိုလ်၌ ဖြေဆိုရမည် ဖြစ်ပြီး ရေးဖြေအောင်မြင်ပါက နှုတ်ဖြေ ဖြေဆိုရမည်ဖြစ်ကြောင်း၊ သတ်မှတ်ထားသည့် လျှောက်လွှာအပြည့်အစုံအား ဖြည့်စွက်၍ (၂၂.၂.၂၀၁၉)ရက်နေ့၊ နံနက်(၉:၃၀)နာရီ နောက်ဆုံးထား၍ စီမံရေးရာဌာနတွင် လျှောက်ထားနိုင်ပါကြောင်း အသိပေး ကြေညာအပ် ပါသည်-
သတ်မှတ်ချက်များ
 လက်ထောက်ကထိကနှင့် အထက် ဆရာ/ ဆရာမများ ဖြစ်ရမည်။
 သက်ဆိုင်ရာ ဘာသာရပ်/ နယ်ပယ်တွင် လက်တွေ့ဆောင်ရွက်နေသူ ဖြစ်ရမည်။
 (၁.၂.၂၀၁၉)ရက်နေ့တွင် အသက်(၄၀)နှစ်အောက် ဖြစ်ရမည်။
 မဟာသုတေသနဘွဲ့/ ပါရဂူဘွဲ့ ရရှိထားသူများ လျှောက်ထားခွင့်မရှိပါ။
 နိုင်ငံခြား မှ သင်တန်း တက်ရောက်ခဲ့သူဖြစ်လျှင် မြန်မာနိုင်ငံသို့ ရောက်ရှိပြီး (၁.၂.၂၀၁၉)ရက်နေ့၌ အနည်းဆုံး (၆)လ အမှုထမ်းပြီးသူ ဖြစ်ရမည်။ (သန်တန်းဟု ဆိုရာတွင် နိုင်ငံခြားတွင် တက်ရောက်သော သင်တန်းကာလသည် (၆)လကျော်မှသာ သင်တန်းအဖြစ် သတ်မှတ်ပါသည်။)
 လျှောက်ထားသူ၏ မိဘနှစ်ဦးစလုံးအပြင် ဇနီး/ခင်ပွန်းအားလုံး နိုင်ငံသားဖြစ်ရမည်။
 လျှောက်ထားသူ ဇနီး/ခင်ပွန်းသည် ကိစ္စတစ်ရပ်ရပ်ဖြင့် နိုင်ငံခြားသို့ ရောက်ရှိနေခြင်း မရှိသူဖြစ်ရမည်။
မှတ်ချက်။ အသေးစိတ်သိရှိလိုပါက စီမံရေးရာဌာနတွင် လာရောက် ကြည့်ရှု့နိုင်ပါသည်။



Back