Home » Announcements » ပညာသင်ဆုများလျှောက်ထားနိုင်ကြောင်း ကြေညာခြင်း

ပညာသင်ဆုများလျှောက်ထားနိုင်ကြောင်း ကြေညာခြင်း

၂၀၁၉ခုနှစ် ပညာသင်နှစ်တွင် ထိုင်းနိုင်ငံ၌ ဖွင့်လှစ်မည့် ပညာသင်ဆု(၃၀)ခုအတွက် လျှောက်ထားနိုင်ပါကြောင်းနှင့် ပညာသင်စရိတ်၊ တည်းခိုနေထိုင် စားသောက်စရိတ်၊ ခရီးစရိတ်တို့ကို Office of the Higher Education Commission (OHEC) နှင့် Thai Higher Education Institution မှ ထောက်ပံ့ပေးမည်ဖြစ်ကြောင်း ဖော်ပြ ထားပါသည်။
အသေးစိတ်အချက်အလက်များကို http://www.thaiembassy.org/yangon/en/ တွင် ဝင်ရောက်ကြည့်ရှု့ပြီး လျှောက်ထားလိုသူများသည် လိုအပ်သောစာရွက်စာတမ်းများ ပါဝင်သည့် သတ်မှတ်လျှောက်လွှာ မူရင်း(၁)စုံနှင့် မိတ္တူ(၃)စုံတို့ကို ရန်ကုန်မြို့ရှိ ထိုင်းနိုင်ငံသံရုံးသို့ ပေးပို့ရမည်ဖြစ်ပါကြောင်း၊ Scanned File ကို grisada@mfa.go.th (သို့မဟုတ်) ohgrisada@gmail.com သို့ (၁၅.၂.၂၀၁၉)ရက်နေ့ နောက်ဆုံးထား၍ အီးမေးလ် ပေးပို့လျှောက်ထားနိုင်ပါကြောင်းနှင့် မိတ္တူ(၁)စုံကို စီမံရေးရာဌာနသို့ (၁၄.၂.၂၀၁၉)ရက်နေ့ နောက်ဆုံးထား၍ တင်ပြသွားရန် လိုအပ်ပါကြောင်း အသိပေး ကြေညာအပ်ပါသည်…



Back