Home » Announcements » ပညာသင်ဆုလျှောက်ထားနိုင်ကြောင်း ကြေညာခြင်း

ပညာသင်ဆုလျှောက်ထားနိုင်ကြောင်း ကြေညာခြင်း

နယ်သာလန်နိုင်ငံ၊ သည်ဟိဂ်မြို့တွင် (၁.၇.၂၀၁၉) မှ (၉.၈.၂၀၁၉)ရက်နေ့အထိ ဖွင့်လှစ်မည့် United Nations International Law Fellowship Programme သို့ ပညာသင်ဆုလျှောက်ထားနိုင်ပါကြောင်းနှင့် ရွေးချယ်ခံရသူများအတွက် အသွားအပြန် လေယာဉ်ခရီးစရိတ်၊ တည်းခိုနေထိုင် စားသောက်စရိတ်၊ ကျန်းမာရေး အာမခံနှင့် ပညာသင်စရိတ်တို့ကို ထောက်ပံ့ပေးမည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။
အသေးစိတ်အချက်အလက်များကို http://www.un.org/law/ilfp တွင် ဝင်ရောက် ကြည့်ရှု့၍ (၂၀.၂.၂၀၁၉)ရက်နေ့ နောက်ဆုံးထားပြီး ilfp@un.org သို့ အီးမေးလ် ပေးပို့လျှောက်ထားနိုင်ပါကြောင်းနှင့် မိတ္တူ(၁)စုံကို စီမံရေးရာဌာနသို့ (၁၉.၂.၂၀၁၉)ရက် နေ့နောက်ဆုံးထား၍ တင်ပြသွားရန် လိုအပ်ပါကြောင်း အသိပေးကြေညာအပ်ပါသည်…



Back