Home » Announcements » ပညာသင်ဆုများ လျှောက်ထားနိုင်ကြောင်း ကြေညာခြင်း

ပညာသင်ဆုများ လျှောက်ထားနိုင်ကြောင်း ကြေညာခြင်း

(၁) ၂၀၁၉ခုနှစ် မက္ကဆီကိုအစိုးရ၏ နိုင်ငံတကာကျောင်းသားများအား ထောက်ပံ့မည့် ပညာသင်ဆုအတွက် လျှောက်ထားလိုသည့် ဝန်ထမ်းများအနေဖြင့် Website လိပ်စာ http://www.gob.mx/amexcid/documentos/programas-academicos-ies-becas-de-excelencia?idiom=en တွင် ဝင်ရောက်လေ့လာပြီး (၂၈.၉.၂၀၁၈)ရက်နေ့ နောက်ဆုံး ထား၍ http://sigca.sre.gob.mx/ တွင် မှတ်ပုံတင်သွင်းနိုင်ပါကြောင်း ကြေညာ အပ်ပါ သည်…
(၂) ကိုရီးယားသမ္မတနိုင်ငံတွင် ၂၀၁၉ ပညာသင်နှစ်အတွင်း ဖွင့်လှစ်မည့် အောက်ဖော်ပြပါ ပညာသင်ဆုများသို့ အရည်အချင်းပြည့်မီသူများ ယှဥ်ပြိုင်လျှောက်ထားနိုင်ပါကြောင်းနှင်‌့ Website လိပ်စာ http://admissions.kidschool.ac.kr/ သို့ ဝင်ရောက်ကြည့်ရှုပြီး (၂၄.၁၀.၂၀၁၈)ရက်နေ့ နောက်ဆုံးထား၍ Email: internationaladmissions@kids.ac.kr တွင် လျှောက်လွှာများရယူနိုင်ပါကြောင်း ကြေညာအပ်ပါသည်-
(က) Masters of Public Policy (MPP)
(ခ) Masters of Development Policy (MDP)
(ဂ) Masters of Public Management (MPM)
(ဃ) Ph.D in Public Policy (PP)
(င) Ph.D in Development Policy (DP)
(၃) အပြည်ပြည်ဆိုင်ရာ ပင်လယ်ကြမ်းပြင်အာဏာပိုင်အဖွဲ့ (ISA) နှင်‌့ Ocean Mineral Singpore Pte Ltd. (OMS) တို့ ပူးပေါင်းစီစဥ်သည့် ၂၀၁၉ခုနှစ် လေ့ကျင့်သင်ကြားမှု အစီစဥ်သို့ လျှောက်ထားလိုသည့် သင်တန်းသားများသည် Website လိပ်စာ https://bit.1y/2mx7kXK နှင့် https://bit.1y/2PqQhSm တွင် အသေးစိတ်အချက်အလက်များကို ဝင်ရောက်လေ့လာနိုင်ပါ ကြောင်း ကြေညာအပ်ပါသည်…
(၄) အမေရိကန်နိုင်ငံတွင် ၂၀၁၉ခုနှစ် နှစ်ကုန်ပိုင်း၌ (၃)လမှ(၄)လအထိ ဖွင့်လှစ်မည့် Fulbright U.S.-ASEAN Visiting Scholar Program အစီစဥ်သို့ လျှောက်ထားလိုသူများသည် Website လိပ်စာ https://mm.usembassy.gov/education/scholarship-programs/ သို့ ဝင်ရောက်ကြည့်ရှု့ပြီး (၁၉.၁၀.၂၀၁၈)ရက်နေ့နောက်ဆုံးထား၍RangoonUSECA@state.gov တွင် လျှောက်ထားနိုင်ပါကြောင်း ကြေညာအပ်ပါသည်…



Back